မဟာ

ဆိုပြီး....
နာမည်ကို ကြီးကြီး ကျယ်ကျယ်ရွေးခဲ့တဲ့.
ငမိုက်သား........
မင်းမှာဘာများ....ကြီးကျယ်ခဲ့သလဲ......

ဟားဟားဟား.

လို့.....
ကျုပ်အော်ရယ်ပြီး ...ပြောလိုက်မယ် ...

ဟောဒီမှာ

ခမ်းနားတဲ့ ကျုပ်ရဲ့ ရင်ကွဲခန်း......
ကြည်နူးခြင်းဆိုတာ ဘာလဲ...ငါမသိ
ပျော်ရွှင်ခြင်းဆိုတာတော့ ဟိုး...အရင်က
ရင်နှီးခဲ့ဘူးတယ်.......ထင်ပါရဲ့ ...

ဒါပေမဲ့
တစ်ခါတစ်ရံလေးတောင်..... အလည်အပတ်
ပြန်မရောက်လာတော့တဲ့ .. မိတ်ဆွေဟောင်း...

ဝမ်းနည်းခြင်းနဲ့ ကြေကွဲခြင်း ဆိုတာလား......
ငါကဥပက္ခာ ပြုထားပါလျှက်........
ငါ့ကိုသံယောဇဉ် ကြီးလွန်းသူ တွေပေါ့..
. ခုတော့လည်း.... ငါသူတို့ အကူအညီနဲ့ .....

မဟာ

ဆိုတဲ့ ဒီဘလော့ဂ်ကို ဖန်ဆင်းနေလေရဲ့...................................


ကွယ်လွန်လေပြီးသော ကျွန်ုပ်၏ပျော်ရွှင်ခြင်း
ပြန်လည်နိုးထ လာမည့်နေ့သို့..........

='title'>

Wednesday, March 2, 2011

Your computer is infected (Brave Sentry) ဗိုင်းရပ် ကိုဖြေရှင်းနည်း

၎င်းဗိုင်းရပ် ထိလျှင် ဖြစ်တတ်သော ပြဿနာများမှာ

၁. ကွန်ပျူတာ နှေးသွားခြင်

၂. Right click မရခြင်း

၃. Desktop ပေါ်တွင် Brave Sentry ဆိုပြီး dialog box ပေါ်လာခြင်း

၎. Wallpaper ပြောင်းလို့မရတော့ခြင်း





ဖြေရှင်းနည်း



စက်ကို Restart ချပြီး Safemode နှင့်ဝင်ပါ၊

SmitfraudFix.exe ကို Double click နှင့်ဖွင့်ပါ၊

ပြီးလျှင် အောက်တွင်ပြထားတဲ့အတိုင်း အဆင့်ဆင့် လိုက်လုပ်ပေးပါ၊

ကီးတစ်ခါနှိပ်တိုင်း Enter ခေါက်ပါ၊



ဤအဆင့်ပြီးလျှင် ပုံမှန်အားဖြင့် စက်ကို Auto restart လုပ်ပါသည် ၊

Auto restart မလုပ်လျှင် ပရိုဂရမ်မှထွက်ပြီး restart လုပ်ပေးပါ၊

windows ပြန်တက်၍ Result Notepad တစ်ခုပေါ်လာလျှင် ပိတ်လိုက်ပါ၊

တစ်ဆင့်ပြီးသွားပါပြီ။

ဒုတိယ အဆင့်နေနှင့် Start > Run > Regedit ဟုရိုက်ပါ၊

ပြီးလျှင် HKEY_CURRENT_USER > Software > Microsoft > Windows > CurrentVersion > Policies > System သို့သွားပြီး အောက်တွင်ပြထားတဲ့အတိုင်းဖျက်ပေးလိုက်ပါ၊



နောက်ဆုံးအဆင့်အနေနှင့် Brave Sentry ကို Remove လုပ်ဖို့အတွက် Start > Control panel > Add or Remove Program သို့သွား၍ Brave Sentry ကိုရှာပြီး Remove လုပ်ပေးလိုက်ပါ၊ ( ပြီး ) <3<3<3<3<3 အဆင်ပြေကြပါစေခံဗျာ <3<3<3<3<3



SmitfraudFix ကို အောက်ဒေါင်းမှာယူပါ၊



http://www.mediafire.com/?6dngd8u7zmmsl8w

No comments:

Post a Comment